DDJ-SB3 ကတော့ Beginner DJ Controller ဖြစ်ပေမဲ့ Scratching ဝါသနာပါတဲ့သူတွေအတွက် Jazzy Jeff scratch pattern တွေပါတဲ့ Pad Scratch Feature ပါဝင်ပါတယ်။ Pioneer DJ DDJ ဆိုတဲ့ စာသားလေးပါလာပြီဆိုရင်တော့ DJ Controller ဖြစ်ပြီး computer သို့မဟုတ် Laptop လိုအပ်ပါသည်။ 

DDJ-SB3 ကတော့ Serato Dj Lite နဲ့ အသုံးပြုရမှာ။ software ကိုတော့ serato website မှာ download လုပ်ရမှာပါ။  Download မလုပ်ခင်မှာတော့ Serato account မရှိသေးရင်တော့ မိမိ email address နဲ့ register လုပ်ပြီးမှ download နိုင်မှာပါ။ 

DDJ-SB3 ကတော့ Two Channel Controller ဖြစ်ပေမဲ့ Four Decks အနေနဲ့အသုံးပြုနိုင်ရန် Deck 1 Jog Wheel အပေါ်နားမှာ Deck 3 ပြောင်းလို့ရတဲ့ ခလုတ်ပါဝင်ပါတယ်။ ထို့အတူ Deck 2 မှာဆိုရင် Deck 4။ 4 Decks mixing လုပ်ချင်တဲ့သူတွေတော့အကြိုက်ပေါ့။  FX ကတော့ deck တစ်ခုမှာ ၃ ခုပါဝင်ပါတယ်။ FX1 ကတော့ Deck 1 နှင့် Deck 3 မတွက်ဖြစ်ပြီး FX2 ကတော့ Deck 2 နှင့် Deck 4 အတွက်ဖြစ်ပါတယ်။ Effect တစ်ခုစီမှာ HPF, LPF,Flanger,Echo,Recerb နှင့် Phaser တို့ပါဝင်ပါတယ်။ Controller ကနေလဲ Shift key နဲ့တွဲနှိပ်ပြီးအလွယ်တကူပြောင်းလို့ရပါသေးတယ်။  Mixer ကနေလဲ channel တစ်ခုစီအတွက် Filter တစ်ခုစီပါဝင်ပါတယ်။ 

Channel တစ်ခုစီမှာ PAD ၈ ခုပါဝင်ပါတယ်။ 

Hot Cue/Beat 

Jump FX Fade/Roll

Pad Scratch/Slicer

Sampler/Trans 

Beginner DJ Controller ဖြစ်ပေမဲ့လဲ Play / Cue button တွေကတော့ professional အနေအထားဖြစ်အောင်ပြုလုပ်ထားပါသေးတယ်။ အသံပိုင်းကတော့ RCA output အခုပဲပါတာကြောင့် အခြား Professional DJ Controller ဖြစ်တဲ့ SX3, DDJ-1000 လောက်တော့ အသံထွက်ကတော့မတူနိုင်ပါဘူး။ 

DDJ-SB3 ကတော့လူငယ်တွေကြားမှာ popular ဖြစ်နေတဲ့ DJ Controller တစ်လုံးဆိုလဲမမှားပါဘူး။ Scratch Pad ပါပေမဲ့လဲ Manual Scratch လုပ်ချင်တဲ့သူတွေအတွက်လဲ SB3 Jogwheels ကတော့အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။ 

DDJ-SB3 ကိုဝယ်ယူချင်ရင်တော့ 

Pioneer DJ Showroom

Mike Djockey

Mandalay မှာဆိုရင် M80 တို့မှာ တစ်နှစ်အာမခံဖြစ်ဝယ်ယူနိုင်ပါသည်။ 

DDJ-SB3- 505,000 kyats

HP:09777734561