မီးရောင်စုံကြားထဲကနေ နားကြပ်ကိုင်ထားသော DJ တစ်ယောက်နား တစ်စုံတစ်ယောက်ရပ်ကြည့်နေပြီး

Photo – DJ ICEZ

အစ်ကိုက DJ လား
DJ : ဟုတ်ပါတယ်
ကျွန်တော်ကို ဟိုသီချင်းလေးဖွင့်ပေးပါလား
DJ : အယ်သီချင်းက အဆင်မပြေဘူး၊ အခုက Tempo တက်နေတာ
အယ်တာဆို အစ်ကိုမြူးအောင်ပြန်တီးလိုက်ပါလား
DJ : ဗျာ၊ ကျွန်တော်ကသီချင်းမတီးတတ်ဘူး
ဟာဗျာ အယ်တာဆိုဘာလို့ DJ လုပ်နေတာလဲ
DJ : ဒီစက်ကလဲ သီချင်းတီးတဲ့စက်မဟုတ်ပါဘူး၊ဖွင့်တဲ့စက်ပါ

ဟုတ်ပါတယ်၊ DJ လို့သာနာမည်တွင်ပါတယ် သီချင်းမတီးတတ်တဲ့သူတွေလည်းရှိပါတယ်။ သီချင်းတီးတဲ့သူတွေကို Producer လို့ခေါ်ပြီး၊ Event, Bar, Club တွေမှာ ဖွင့်တဲ့သူကို DJ လို့ခေါ်ပါတယ်။

DJ နှင့် Producer အကြောင်း ဘယ်လိုကွာလဲဆိုတာ ကိုမရေးခင်မှာ DJဆိုတာဘယ်ကဆင်းသက်လာလဲဆိုတာကိုရှေးဦးစွာရေးသားချင်ပါတယ်။

DJ ဆိုတာကတော့ Disc Jockey လို့အဓိပ္ပါယ်ရပါတယ်။ Disc Jockeyလို့ဘာလို့ပြောရလဲဆိုတော့ ၁၉၂၀ခုနှစ်လောက်က Christopher Stone က အင်္ဂလန်နိုင်ငံရဲ့ပထမဆုံးသော Disc Jockey ဖြစ်ပြီး ၁၉၃၄ ခုနှစ်မှာတော့ Radio Luxembourg မှာ သီချင်းတစ်ပုဒ်ပြီးတာနဲ့နောက်တစ်ပုဒ်ကိုဖွင့်ရင်း နဲ့ Disc Jockey လို့အမည်တွင်ခဲ့တာပါ။ အဲ့အချိန်မှာတော့ Radio တွေမှာသီချင်းကိုတစ်ပုဒ်ပြီးမှတစ်ပုဒ်ဖွင့်တဲ့အချိန်ပဲရှိသေးတယ်။ ၁၉၄၃ ခုနှစ်မှစ၍ Jimmy Savile ကသူ့ရဲ့ ပထမဆုံး dance party ကို Turntables အများကြီးနှင့် သီချင်းမရပ်ဘဲဆက်တိုက်ဖွင့်သွားခဲ့ပါသည်။ Mixer ဆိုတဲ့ အရာမရှိသေးတဲ့အတွက်ပေါ့ အခုခေတ် စကားနဲ့ဆို chopping ပစ်သလိုမျိုးပါပဲ။

၁၉၆၀ လောက်မှာတော့ Rudy Bozak က mixer ကိုစတင်တီထွင်ခဲ့ပြီးနောက် ၁၉၇၄ မှာ Technics turntable တွေကလူငယ်တွေကြားမှာ ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှာတော့ Chicago မှာ Club တစ်ခုပေါ်လာပြီး Warehouse လို့ခေါ်တွင်ခဲ့ပါတယ်။ သီချင်းအမျိုးစား အသစ်အနေဖြင့် House music ကို ပင်တိုင် DJ Frankie Knuckles ကဖွင့်ခဲ့ပါသည်။ ရိုးရိုးရှင်းရှင်း 4/4 beats တွေနဲ့ drum, bassline, samples တို့နှင့်ဖွဲ့စည်းထားပေမဲ့ အခုခေတ် Electronic Dance Music မှာတော့ ပုံစံပြောင်းလဲမှုရှိလာခဲ့ပါသည်။ ၁၉၉၀ နောက်ပိုင်းမှာတော့ CD player တွေ Mp3 format တွေ computer နဲ့တွဲဆက်ပြီးဖွင့်လို့ရနိုင်အောင်ထိ နည်းပညာတွေတိုးတတ်ခဲ့ပါသည်။

DJ ဆိုတာကတော့ ကိုယ်ပိုင်ဖန်တီးထားသောသီချင်းသော်လည်းကောင်း၊ သူများသီချင်းတွေကို နားထောင်လို့ က လို့ကောင်းအောင် စည်းချက်ညီစွာဖွင့်နိုင်သော ၊တစ်ပုဒ်နှင့်တစ်ပုဒ်ကူးပြောင်းရာတွင် အထစ်အငေါ့မရှိဘဲ ဖြောင့်တန်းအောင်ဖွင့်နိုင်သော၊ ကခုန်နေသောသူများရဲ့ energy level ကိုသိနိုင်သောသူကို သာDJ ဟုသတ်မှတ်ပါသည်။ DJ ပစ္စည်းတွေကတော့ CDJs, Turntables, Mixers, Effecters, Controllers, Serato, Rekordbox နဲ့ အခြားသော DJ သုံး software များဖြစ်ပါသည်။ Turntable ကိုကျွမ်းကျင်စွာသုံးနိုင်တဲ့သူကိုတော့ Turntablist လို့ခေါ်ပါတယ်။

Producer တွေကတော့ composer လိုပါပဲ ၊ computer ရှေ့မှာထိုင်ပြီး သီချင်းရဲ့ beat တွေ structure တွေ rhythms, vocal တွေ effect တွေကို လိုက်လျော်ညီစွာဖန်တီးတဲ့လူကို Producer လို့ခေါ်ပါတယ်။ သူတို့ရဲ့အလုပ်နေရာက အခန်းတစ်ခန်းထဲမှာ Computer နဲ့ အခြားလိုအပ်သောစက်ပစ္စည်းများဖြစ်သော Monitor Speakers, Recording Microphones, MIDI keyboards, Controllers, Mixers နှင့် အခြား ဂီတတူရိယာများဖြစ်ကြပါတယ်။ အဲ့နေရာကိုတော့ DAW လို့ခေါ်ကြပါတယ် (Digital Audio Workstations) ရဲ့အတိုကောက်ပေါ့။သူတို့သုံးတဲ့ Software တွေကတော့ FL Studio, Ableton Live, Logic Pro, Reason, Avid Pro Tools, Cubase, Reaper နှင့်အခြားသောနာမည်များလဲရှိပါသည်။

Producer တိုင်း DJ မဖွင့်တတ်သလို DJ တိုင်းလည်း သီချင်းမတီးတတ်ပါဘူး။ အခုခေတ်မှာတော့ တချို့ DJ များသည် သီးချင်းလည်းတီးတတ်လာကြသလို တချို့ Producer များကလည်း DJ ဖွင့်တတ်လာကြပါသည်။ သူတို့ကိုတော့ DJ/Producer လို့ခေါ်ကြပါသည်။